ကျိုင်းတုံမြို့နယ်၌ COVID-19 ဖြင့် သေဆုံးခဲ့ရသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၅ ဦး ရှိကြောင်း သိရသည်။
.
COVID-19 တတိယလှိုင်းကာလ ဩဂုတ်လ ၃၀ ရက်ထိ ကျိုင်းတုံမြို့နယ်၌ COVID-19 ဖြင့် သေဆုံးသူ ၂၅ ဦးထိ ရှိခဲ့ခြင်း ဖြစ်ပြီး ပိုး ရှိသူ စုစုပေါင်း ၁၆၂၉ ဦး တွေ့ရှိခဲ့သည့်အနက် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၈၉၆ ဦး ရှိရာ ၇၀၈ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်ဟု ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော် ဖြစ်သည့် ကျိုင်းတုံမြို့နယ်ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် ဩဂုတ်လ ၁၉ ရက်တွင် Stay at Home သတ်မှတ်ထားသည်။
.
#KBZTai #Shan #Kungtong #COVID19 #31August2021