တာချီလိတ်တွင် အသက် ၃၃ နှစ်အရွယ် COVID-19 လူနာတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အသက် ၃၃ နှစ်အရွယ် COVID-19 လူနာတစ်ဦး သေဆုံး

.

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းက အသက် ၃၃ နှစ်အရွယ် COVID-19 အတည်ပြုလူနာ တစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး တာချီလိတ်ခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာရှင်လူမှုရေးအသင်းမှ ပုံလို့သုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

.

တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၆ ရက်၊ ညပိုင်းအထိ COVID-19 ရောဂါ အတည်ပြုလူနာ ၁၆၇၄ ဦး ရှိပြီး ယင်းတို့အနက် ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

#KBZTai #Shan #Tachileik #COVID19

.

Journal Download

Photo of three cats