.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့တွင် ယနေ့ ဩဂုတ်လ ၆ ရက် စစ်ဆေးမှုများအရ COVID-19 လူနာ ၉၁ ဦး ထပ်မံတွေ့ရှိကြောင်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာများမှာ
PCR စစ်ဆေးသူ ၃၅ ဦးနှင့်
RDT စစ်ဆေးသူ ၅၆ ဦးတို့ဖြစ်ပြီး ယနေ့ ဩဂုတ်လ ၆ ရက်တွင် ပိုးတွေ့လူနာများအနက်
သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း သိရသည်။
.
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ယနေ့ ဩဂုတ်လ ၆ ရက်တွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အသစ် ၃၅၉၉ ဦး တွေ့ရှိခဲ့ပြီး ယနေ့ ထပ်မံသေဆုံးသူ
၂၇၄ ဦး ရှိကြောင်း သိရသည်။
.