ကလောမြို့နယ်တွင် COVID-19 ဖြင့် သေဆုံးသူ ၁၀၈ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်တွင် COVID-19 ဖြင့် သေဆုံးသူ ၁၀၈ ဦး ရှိ

ကလောမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂ ရက်ထိ COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၁၀၈ ဦး ရှိကြောင်း သိရသည်။

.
ကလောမြို့နယ် အတွင်း ဇွန်လ ၂၁ ရက်မှ ဩဂုတ်လ ၂ ရက်ထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာနှင့် သံသယလူနာများ အနက် ကလောမြို့တွင် ၃၀ ဦး၊ အောင်ပန်းမြို့တွင် ၇၅ ဦး၊ ဟဲဟိုးမြို့တွင် ၃ ဦး၊ စုစုပေါင်း ၁၀၈ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
.
ထို့အတူ ကလောမြို့၌ ၁၈၂ ဦး၊ အောင်ပန်းမြို့တွင် ၄၀၄ ဦး၊ ဟဲဟိုးမြို့တွင် ၉၄ ဦး၊ ဘော်ဆိုင်းတွင် ၄ ဦး၊ စုစုပေါင်း COVID-19 ပိုး ရှိသူ ၆၂၈ ဦး‌ (RDT Test) တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
.
ကလောမြို့နယ် အတွင်း COVID-19 ကူးစက် ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် အောင်ပန်းမြို့အား ဇူလိုင်လ ၂၉ ရက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန်ထားသည့် အပြင် ကလောမြို့မဈေးကိုလည်း ဩဂုတ်လ ၁၇ ရက်ထိ ပိတ်သိမ်းထားကြောင်း သိရသည်။
.
#KBZTai #Shan #COVID19 #Kalaw

Journal Download

Photo of three cats