![]() |
[Photo - Hopone Hospital] |
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ COVID-19 ဖြင့် ဆေးကုသမှု ခံယူဆဲလူနာ ၁၂၀ ဦး ရှိကြောင်း သိရသည်။
.
ဟိုပုံးမြိုနယ် အတွင်း၌ ဇူလိုင်လ ၁၂ ရက်မှ ဩဂုတ်လ ၁၁ ရက်ထိ COVID-19 ပိုးရှိသူ ၂၅၅ ဦး တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၆ ဦး သေဆုံး၍ ၁၂၈ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကာ ၁၂၀ ဦးမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ထို့အတူ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် COVID-19 သံသယ ရှိပါက ဖုန်းနံပါတ် ၀၈၁၂၃၄၆၀၃၁ သို့ ရုံးဖွင့်ရက် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအတွင်း ကြိုတင် ဆက်သွယ် စာရင်း ပေးသွင်း၍ စစ်ဆေးနိုင်ကာ မိမိ အစီအစဉ်ဖြင့် စစ်ဆေး၍ Positive ထွက်ပါက ချက်ချင်း သတင်းပို့ရန်နှင့် သတင်း မပို့ဘဲ နေအိမ်တွင် ကုသပါက ဥပဒေအရ အရေးယူမည်ဟု အဆိုပါ ဆေးရုံက ထုတ်ပြန်ထားသည်။