ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ ဩဂုတ်လ ၅ ရက်၊ ညနေပိုင်းထိ ရဟန်း ၁၀ ပါး အပါအဝင် ၁၈ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အသွားအလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုထားရှိသူ ၁၀၀ ဦး၏ ဓါတ်ခွဲနမူနာများအား RDT ဖြင့်စစ်ဆေးစဉ် ၁၈ ဦးတွင် Covid-19 ပိုးတွေ့ရှိကြောင်းနှင့် သာသနာလင်္ကာရကျောင်းတိုက်မှ ရဟန်း ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတွင် ပိုး တွေ့ရခြင်း ဖြစ်သည်။
.
ဟိုပုံးမြို့နယ်၌ COVID-19 ဖြင့် ဆေးရုံ တက်ရောက် ကုသမှု ခံယူနေသူ ၁၆၈ ဦး ရှိသည့်အနက် ၅ ဦး သေဆုံးခဲ့ရပြီး ယင်း သေဆုံးရသူများမှာ အသက် အနိမ့်ဆုံး ၆၆ နှစ်နှင့် အမြင့်ဆုံး ၈၇ နှစ် အရွယ် ရှိသူများ ဖြစ်ကြောင်း သိရသည်။
.
သေဆုံးနှုန်းမှာ ၂ ဒသမ ၉၇ ရာခိုင်နှုန်း ရှိကာ COVID-19 ကာကွယ်ဆေး ထိုးနှံမှု မရှိသော သက်ကြီးရွယ်အိုများ သေစေနိုင်သည့် အတွက် နောက်တကြိမ် ကာကွယ်ဆေး ရောက်ပါက ကာကွယ်ဆေး အမြန်လာရောက် ထိုးနှံရန် ဟိုပုံးဆေးရုံက တိုက်တွန်း နှိုးဆော်ထားသည်။
.
#KBZTai #Shan #Hopone #COVID19