.
ပထမအကြိမ် ထိုးနှံခဲ့သည့် ဆေးထိုး စုရပ်နေရာများတွင်သာ သွားရောက်ထိုးနှံရမည် ဖြစ်ပြီး ပထမအကြိမ် ဆေးထိုးပြီးသော ဖြတ်ပိုင်း နှင့် မှတ်ပုံတင်ပါ တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်ကြောင်း သိရသည်။
.
ပထမအကြိမ် ဆေးထိုးပြီးသော်လည်း ကြားကာလတွင် COVID-19 Positive ဖြစ်ပါက Positive ဖြစ်သည့်နေ့မှ စ၍ ၆ လ ပြည့်မြောက်မှသာ ကာကွယ်ဆေးကို ထိုးနှံရမည် ဖြစ်ကြောင်းလည်း သိရသည်။
.
အဆိုပါ ကာကွယ်ဆေး ထိုးနှံမည့် ရက် သတ်မှတ်ချက်မှာ
ဇူလိုင်လ ၃၀ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို ဩဂုတ်လ ၂၇ ရက်တွင် လည်းကောင်း၊
ဇူလိုင်လ ၃၁ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို ဩဂုတ်လ ၂၈ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၁ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို ဩဂုတ်လ ၂၉ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၂ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို ဩဂုတ်လ ၃၀ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၃ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို ဩဂုတ်လ ၃၁ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၄ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို စက်တင်ဘာလ ၁ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၅ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို စက်တင်ဘာလ ၂ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၆ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို စက်တင်ဘာလ ၃ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၁၄ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို စက်တင်ဘာလ ၁၁ ရက်တွင် လည်းကောင်း၊
ဩဂုတ်လ ၁၅ ရက်က ပထမအကြိမ် ထိုးနှံပြီးသူများကို စက်တင်ဘာလ ၁၂ ရက်တွင် လည်းကောင်း စသည်ဖြင့် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမည့် အစီအစဉ်ကို တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ မြို့ အသီးသီးတွင်လည်း ဆောင်ရွက်သွားမည် ဖြစ်ပြီး သိရှိလိုသည်များအား သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19