တောင်ကြီး မြို့မစျေး၌ စျေးဆိုင်ခန်း ပိုင်ရှင်များအား COVID-19 ကာကွယ်ဆေး ထိုးနှံပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီး မြို့မစျေး၌ စျေးဆိုင်ခန်း ပိုင်ရှင်များအား COVID-19 ကာကွယ်ဆေး ထိုးနှံပေး

တောင်ကြီးမြို့ရှိ မြို့မဈေး၌ စျေးဆိုင်ခန်း ပိုင်ရှင်များအား ဩဂုတ်လ ၅ ရက်က COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

.


မြို့မစျေး အပေါ်ထပ်ရှိ ပထမထပ် စျေးခေါင်းရုံး၌ COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြို့မစျေး၊ စဝ်စံထွန်းစျေးနှင့် သား/ငါး ကုန်ခြောက်စျေးရှိ ဈေးဆိုင်ခန်းပိုင်ရှင် စုစုပေါင်း ၂၀၀ ဦးမှ ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

Journal Download

Photo of three cats