တောင်ကြီးမြို့နယ်၌ ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၂၉၉၂ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၉၂ ဦး သေဆုံး၍ ၁၇၁၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၁၀၇၉ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများကို သက်ဆိုင်ရာဌာနများက ပြုလုပ်နေလျက် ရှိသည်။
.
#KBZTai #Shan #Taunggyi #COVID19

Home
COVID-19
တောင်ကြီး
ရှမ်းတောင်သတင်းများ
တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိ
တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိ
Tags
# COVID-19
# တောင်ကြီး
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
COVID-19,
တောင်ကြီး,
ရှမ်းတောင်သတင်းများ