တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၂၃ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၂၃ ဦး ထပ်မံ တွေ့ရှိ



တောင်ကြီးမြို့နယ်၌ ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် COVID-19 ပိုး ရှိသူ ၂၃ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.
ထို့အပြင် ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၂၉၄၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၈၈ ဦး သေဆုံး၍ ၁၆၅၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၁၀၉၄ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများကို သက်ဆိုင်ရာဌာနများက ပြုလုပ်နေလျက် ရှိသည်။
.
#KBZTai  #Shan #Taunggyi  #COVID19

Journal Download

Photo of three cats