ဟိုပုံးမြို့နယ်တွင် COVID-19 ဖြင့် ဆေးကုသမှု ခံယူနေသူ ၁၀၇ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဟိုပုံးမြို့နယ်တွင် COVID-19 ဖြင့် ဆေးကုသမှု ခံယူနေသူ ၁၀၇ ဦး ရှိ

Photo - Hopone Hospital

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ ဩဂုတ်လ ၁၇ ရက်ထိ COVID-19 ဖြင့် ဆေးကုသမှု ခံယူနေဆဲလူနာ ၁၀၇ ဦး ရှိနေကြောင်း သိရသည်။

.
COVID-19 တတိယလှိုင်းကာလ အတွင်း ဩဂုတ်လ ၁၇ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၃၂၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၇ ဦး သေဆုံး၍ ၂၁၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၁၀၇ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
COVID-19 ပိုးတွေ့လူနာများ အနက် သေဆုံးနှုန်း အနေဖြင့် ၂ ဒသမ ၁၄ ရာခိုင်နှုန်း ရှိပြီး အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan  #Hopone  #COVID19

Journal Download

Photo of three cats