ကျောက်မဲတွင် ဆေးရုံဆင်း COVID-19 လူနာတစ်ဦးအပါအဝင် တစ်နေ့တည်း ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ဆေးရုံဆင်း COVID-19 လူနာတစ်ဦးအပါအဝင် တစ်နေ့တည်း ၃ ဦး သေဆုံး

.

ကျောက်မဲမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၁၄ ရက် တစ်ရက်အတွင်း ဆေးရုံမှ ဆင်းလာသူ COVID-19 အတည်ပြုလူနာ အမျိုးသားတစ်ဦးအပါအဝင် ပိုးတွေ့လူနာ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဩဂုတ်လ ၁၃ ရက်တွင် ဆင်းခွင့်ရပြီးနောက် ယနေ့ ဩဂုတ်လ ၁၄ ရက်ဦ၊ နံနက်ပိုင်း တွင် အရေးပေါ်ဌာနသို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၆၃ နှစ်အရွယ် COVID-19 အတည်ပြုလူနာ အမျိုးသားနှင့် စခန်းသာကျေးရွာမှ COVID-19 အတည်ပြုလူနာတစ်ဦး၊ ကျောက်မဲမြို့၊ တိလင်ရပ်ကွက်မှ အတည်ပြုလူနာတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ကျောက်မဲမြို့တွင် အဆိုပါ သေဆုံးသူ ၃ ဦးအပါအဝင် ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာသေဆုံးမှု စုစုပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။

.

ထို့အပြင် ကျောက်မဲမြို့နယ်အတွင်း၌ COVID-19 စစ်ဆေးခြင်းမရှိဘဲ နေအိမ်တွင် သေဆုံးသူအရေအတွက်မှာ နေ့စဉ် ပျမ်းမျှ ၇ ဦးဝန်းကျင်ရှိနေသည်ဟု သိရသည်။

.

ကျောက်မဲမြို့နယ်အတွင်း တတိယလှိုင်းစတင်သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ &က်နေ့မှ ယနေ့ ဩဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်းအထိ လာရောက်စစ်ဆေးသူများအနက်မှ COVID-19 ပိုးတွေ့သူ ၆၀၀ ကျော် ရှိပြီး ၃၂၀ ဦး ဆေးရုံဆင်းခွင့်ရကာ ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats