ရှမ်းပြည်နယ်တွင် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှု ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှု ပြုလုပ်


ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၌ COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုကို ဩဂုတ်လ ၂၇ ရက်မှ စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
.
COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုကို ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ တတိယ အပတ်အထိ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ အပါအဝင် ဦးစားပေး အုပ်စုအလိုက် ထိုးနှံပြီး‌နောက် ယခုတွင် ဒုတိယအကြိမ် အဖြစ် ဆက်လက် ထိုးနှံခြင်း ဖြစ်သည်။
.
ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများ အနေဖြင့် သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်နေရာများတွင် သွားရောက် ထိုးနှံကြရမည် ဖြစ်သော်လည်း ကြားကာလတွင် COVID-19 Positive ဖြစ်ပါက Positive ဖြစ်သည့်နေ့မှ စ၍ ၆ လ ပြည့်မြောက်မှသာ ကာကွယ်ဆေး ထိုးနှံခွင့် ရမည် ဖြစ်‌ကြောင်း သိရသည်။
.

ရှမ်းပြည်နယ် အတွင်း၌ လက်ရှိ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည့် အရေအတွက်ကို အတိအကျ မသိရသေးဘဲ ယခင် ပထမအကြိမ် ထိုးနှံပြီးသူမှာ စုစုပေါင်း ၁၅၆၇၃၇ ဦး ရှိကြောင်း သိရသည်။
.
မြန်မာ တစ်နိုင်ငံလုံးတွင်မူ ဩဂုတ်လ ၂၈ ရက်ထိ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့် ( ၂ ကြိမ်) ထိုးနှံ ပြီးစီးသူ ၁၈၄၆၁၉၀ ဦး ရှိပြီး ၂၈၃၇၂၂၀ ဦးမှာ ပထမအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #COVID19 #30August2021

Journal Download

Photo of three cats