တောင်ကြီးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ညပိုင်းထိ ၂၄ နာရီအတွင်း COVID-19 ပိုး ရှိသူ ၁၇၃ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၉ ဦး ရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၁၈၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၀၆ ဦး ရှိကြောင်း သိရသည်။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှအား ထိန်းချုပ်နိုင်ရန်အတွက် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့် အညီ လိုက်နာ နေထိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
.
![]() |
(ကမ္ဘောဇတိုင်းသို့ ဆက်သွယ်ရန်) |
ပြည်သူများအနေဖြင့် မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားပါက တစ်အိမ်လျှင် ၂ ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက Mask ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန် သွားလာသည့် ယာဉ်များနှင့် ဖြတ်သန်း သွားလာခွင့် ပြုထားသော ယာဉ်များကိုသာ ရပ်ကွက် ကျော်လွန်သွားလာခွင့် ပြုရန်၊ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး အတွက် ကုန်တင်ယာဉ်များသွားလာမှုကို စံသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက် များကို စနစ်တကျ လိုက်နာကြရန် စသည့်ဖြင့် အသိပေးနှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19