.
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း
လက်ရှိ ဆေးကုသမှုခံယူဆဲ COVID-19 ရောဂါ အတည်ပြုလူနာ ၁၅ ဦး ကျန်ရှိကြောင်း သိရသည်။
.
မိုင်းကိုင်မြို့နယ်၊
တုံလော (မြောက်) ကျေးရွာနေ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးသည် နေမကောင်းသဖြင့် ယမန်နေ့
ဩဂုတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်း ၎င်းအပါအဝင် ၆ ဦးဖြင့် မိုင်းကိုင်ဆေးရုံသို့ လာရောက်ဆေးစစ်ဆေးမှု
ခံယူရာ ၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြုလူနာများသည်
ခရီးသွားရာဇဝင်မရှိဘဲ တောင်ယာနှင့် ခြံလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း သိရပြီး
၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ ၁၄ ဦးတို့ကို တုံလောကျေးရွာသို့ ကွင်းဆင်း၍ RDT Test Kit ဖြင့် စစ်ဆေးပေး ခဲ့ရာ COVID-19
လူနာ ၂ ဦး ထပ်မံတွေ့ရှိရသဖြင့် လူနာများကို မိုင်းကိုင်ပြည်သူ့ဆေးရုံရှိ
Isolation Ward သို့ ခေါ်ဆောင်၍ ဆေးကုသမှုပေးလျက်ရှိပြီး ထိတွေ့ဆက်စပ်သူများ
အားလုံးကို Home Quarantine ထားရှိ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း
သိရသည်။
.
သို့ဖြစ်၍ မိုင်းကိုင်မြို့နယ်တွင်
COVID-19 တတိယလှိုင်းကာလ
ဇွန်လမှ ယမန်နေ့ ဩဂုတ်လ ၂၂ ရ်အထိ COVID-19 ရောဂါ အတည်ပြုလူနာ
၅၅ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀ ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ
ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိကုသဆဲလူနာ ၁၅ ဦး ကျန်ရှိနေကြောင်း သိရသည်။
.
နန်းလှိုင်လှိုင်ဦး
(မိုင်းကိုင်)
.