.
ကျိုင်းတုံမြို့နယ်တွင်
COVID-19 တတိယလှိုင်းကာလ ဇွန်လ
၁ ရက်မှ ယနေ့ ဩဂုတ်လ ၂၂ ရက်အတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၂ ဦး ရှိလာပြီဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်
တုံပြန်ရေးကော်မတီထံက သိရသည်။
.
.
“COVID-19
တတိယလှိုင်းအတွင်းမှာ သေဆုံးသူစုစုပေါင်း ၁၂ ဦးရှိပါပြီ။ ပိုးတွေ့လူနာ ၈၀၀
ကျော်တွေ့ရှိခဲ့တဲ့အထဲမှာ ဆေးရုံဆင်းခွင့်ရသူက ၄၀၀ လောက် ရှိပါပြီ။ ၄၀၀ ကျော်လောက်ကတော့
ဆေးကုသမှုခံယူနေဆဲပါ။ ဒါကြောင့် ကျိုင်းတုံမြို့နယ်အတွင်းမှာ COVID-19 ကပ်ရောဂါဆိုးကြီးက ကူးစက်မှုနှုန်းမြင့်မားနေပါတယ်။
အဲဒီအတွက်လည်း ဒီရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အားလုံးက
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ မိမိအပါအဝင် မိမိပတ်ဝန်းကျင်ကို
ကြိုတင်ကွယ်နိုင်ရေး၊ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်လျော့နည်းလာစေရေးအတွက် ပြည်သူတွေ
အနေနဲ့ အသိတရားနဲ့ သတိထားပြီး ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်”
ဟုကျိုင်းတုံမြို့နယ်COVID-19
ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်အတွင်း
ယမန်နေ့ ဩဂုတ်လ ၂၁ ရက်က COVID-19 လူနာသစ် ၄၂ ဦး တွေ့ရှိခဲ့သည့်အတွက် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၈၉၉ ဦး ရှိလာပြီး
ယင်းတို့အနက် ၄၇၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး
လက်ရှိကုသဆဲလူနာ ၄၁၆ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ
ကုသဆဲလူနာများကို ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး၊ ကျိုင်းတုံတက္ကသိုလ်၊
သူနာပြုသင်တန်း ကျောင်း တို့တွင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင်
ယင်းကဲ့သို့ COVID-19 ရောဂါ
ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ဩဂုတ်လ ၁၉ ရက်မှ စတင်၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားသည်။
.