မိုင်းလင်းဆရာတော် COVID-19 ဖြင့် ကျိုင်းတုံတွင် ပျံလွန်တော်မူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းလင်းဆရာတော် COVID-19 ဖြင့် ကျိုင်းတုံတွင် ပျံလွန်တော်မူ


တာချီလိတ်မြို့နယ် မိုင်းလင်းဆရာတော်ကြီး ဘဒ္ဒန္တဝိမလသည် ယနေ့ ဩဂုတ်လ၂၆ ရက်၊ နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့၌ ပျံလွန်တော်မူသွားကြောင်း သိရသည်။
.
COVID-19 ကူးစက်ခံရပြီးနောက် ကျန်းမာရေး အခြေနေ စိုးရိမ်နေရသဖြင့် ဩဂုတ်လ ၂၄ ရက်က ကျိုင်းတုံ စစ်ဆေးရုံတွင် ဆေးကုသနေစဉ် ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။
.
တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်၏ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဘရာဇာခူး ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလသည် တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ် (၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်း လှိုင်ဂူတော်ကြီးအတွင်းတွင် တရားအားထုတ်ခြင်း ၊ ဝါတွင်းကာလ တရားတော်များ ဟောကြားတော်မူခြင်းများဖြင့် သာသနာပြုနေသည်မှာ ၁၅ လကျော် ကြာမြင့်နေပြီ ဖြစ်ပြီး ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်သို့ COVID-19 ကူးစက်မှု မြင့်တက်နေသည့် တာချီလိတ်မြို့မှ ဒါယကာ ဒါယိကာမများ အသွားအလာ များပြားကြောင်း သိရသည်။ 
.
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနာအား မည်သို့ကျင်းပမည်ကို ကျိုင်းတုံမြို့တွင် ဆွေးနွေးတိုင်ပင်နေလျက်ရှိကြောင်း သိရှိရသည်။
.
#KBZTai #Shan #Tachileik 

Journal Download

Photo of three cats