တောင်ကြီးတွင် COVID-19 လူနာ ၇ ဦး ထပ်မံသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် COVID-19 လူနာ ၇ ဦး ထပ်မံသေဆုံး

.

တောင်ကြီးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၁၄ ရက်၊ တစ်ရက်အတွင်း COVID-19 အတည်ပြု လူနာသစ် ၃၃ ဦး တွေ့ရှိခဲ့ ပြီး လူနာ ၇ ဦး ထပ်မံသေဆုံးကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

.

.

တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လမှ ယနေ့ ဩဂုတ်လ ၁၄ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၂၇၀၀ ကျော် ရှိလာပြီး သေဆုံးသူ ၁၅၀ ကျော်ရှိကာ လက်ရှိ ကုသဆဲလူနာ ၁၁၅၆ ဦး ရှိကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်အတွင်း COVID-19 ရောဂါပိုးတွေ့လူနာ များပြားလာသည့်အတွက် ပြီးခဲသည့် ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားပြီး စည်းကမ်းမလိုက်နာသူ များကို အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats