တောင်ကြီးမြို့၊ ဓမ္မဝိဟာရစာသင်တိုက်မှ သံဃာ အပါး ၄၀ အပါအဝင် ၈၆ ဦးတွင် COVID-19 ပိုးတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဓမ္မဝိဟာရစာသင်တိုက်မှ သံဃာ အပါး ၄၀ အပါအဝင် ၈၆ ဦးတွင် COVID-19 ပိုးတွေ့ရှိ

.

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ဓမ္မဝိဟာရစာသင်တိုက်မှ သံဃာ အပါး ၄၀ အပါအဝင် သံဃာနှင့် လူ ၈၆ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

.

တောင်ကြီးမြို့နယ်အတွင်းရှိ COVID-19 Positive လူနာများနှင့် ထိတွေ့ဆက်စပ်သူ ၁၂၄ ဦးတို့အား PCR စစ်ဆေးပေးခဲ့ရာ ဓမ္မဝိဟာရစာသင်တိုက်မှ သံဃာ အပါး ၄၀ နှင့် လူ တစ်ဦး၊ ဝင်းယဘုန်းတော်ကြီးကျောင်းမှ လူ ၃ ဦး၊ ဇလဲဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးနှင့် ရပ်ကွက်နေပြည်သူ/ဝန်ထမ်းမိသားစုဝင် ၄၁ ဦးတို့၏ ဓါတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်အတွင်း ဇွန်လ ၁ ရက်မှ ယမန်နေ့ ဩဂုတ်လ ၃ ရက် အတွင်း COVID-19 ရောဂါ ပိုးတွေ့အတည်ပြု လူနာ ၂၀၀၇ ဦးရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ၁၁၈ ဦး သေဆုံး၍ ဆေးရုံဆင်းခွင့်ရသူ ၈၈၅ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats