ဖယ်ခုံမြို့တော်ခန်းမတွင် COVID-19 ကာကွယ်ဆေးထိုးနေစဉ် ပေါက်ကွဲမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့တော်ခန်းမတွင် COVID-19 ကာကွယ်ဆေးထိုးနေစဉ် ပေါက်ကွဲမှုဖြစ်ပွား

.

တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့ရှိ မြို့တော်ခန်းမတွင် ယနေ့ ဩဂုတ်လ ၃ ရက်၊ နေ့လယ်ပိုင်းက COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

“ကာကွယ်ဆေးထိုးနေတဲ့ ခန်းမထဲမှာ ပေါက်ကွဲတာပေါ့။ ဗုံးပေါက်ကွဲလို့ ထိမှန်တဲ့သူတွေ ရှိတယ်။ ဆေးလာထိုးတဲ့ အထဲကရော အဲဒီမှာစောင့်တဲ့ ရဲ ၂ ယောက်ပါ ထိသွားတယ်လို့ သိရတယ်။ အခုထိတော့ အဲဒီနားတစ်ဝိုက်မှာ စစ်တပ်က အစစ်ဆေးတွေ လုပ်နေတယ်"ဟု ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။

.

မိုင်း ပေါက်ကွဲမှုကြောင့် ရဲတပ်သား ထွန်းလင်းဇော်၊ ရဲတပ်သား အောင်လွင်ဖြိုးတို့ သေဆုံးခဲ့ပြီး ရဲဒုတပ်ကြပ် အောင်မျိုးနှင့် ဒေါ်မူရိန်း (အရပ်သား)၊ ဦးနန္ဒဝေယံ (စေတနာ့ဝန်ထမ်း)တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက်ရရှိနိုင်ရန် ဖယ်ခုံမြို့မရဲစခန်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။

.

Source – Tachileik News Agency

.

Journal Download

Photo of three cats