.
တောင်ကြီးမြို့နယ်အတွင်း
ဇွန်လ ၁ ရက်မှ ယနေ့ ဩဂုတ်လ ၃ ရက် အတွင်း COVID-19 ရောဂါ ပိုးတွေ့အတည်ပြု လူနာ ၂၀၀၇ ဦး
ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင်
ယနေ့ ဩဂုတ်လ ၃ ရက် စစ်ဆေးမှုများအရ COVID-19
ရောဂါ အတည်ပြုလူနာ ၉၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအနက် ယနေ့တွင်
၁၁၅ ဦး ဆေးရုံမှ ဆင်းခွင့်ရကာ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ တောင်ကြီးမြို့နယ်တွင်
ယနေ့ ဩဂုတ်လ ၃ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၂၀၀၇ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် ၁၁၈ ဦး သေဆုံး၍ ဆေးရုံဆင်းခွင့်ရသူ
စုစုပေါင်း ၈၈၅ ဦး ရှိကာ လက်ရှိ ဆေးကုသမှု ခံယူဆဲလူနာ ၁၀၃၄ ဦး ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင်
COVID-19 ရောဂါပိုး တွေ့ရှိမှု
အများဆုံးရပ်ကွက်များမှာ ကျောင်းကြီးစုရပ်ကွက်၊ စိန်ပန်း ရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်တို့ဖြစ်ပြီး
အနည်းဆုံး ရပ်ကွက်များမှာ ဟော်ကုန်း၊ ညောင်ရွှေဟော်ကုန်းနှင့် ကံကြီး ရပ်ကွက်များဖြစ်ကြောင်း
သိရသည်။
.