မိုးနဲနှင့် ကျိုင်းတောင်းတွင် COVID-19 လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲနှင့် ကျိုင်းတောင်းတွင် COVID-19 လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိ

.

လင်းခေးခရိုင်၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့တွင် ယနေ့ ဩဂုတ်လ ၂၂ ရက် RDT Test Kit စစ်ဆေးမှုများအရ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ COVID-19 အတည်ပြုလူနာသစ်များမှာ ကျိုင်းတောင်းမြို့မှ မိုးနဲသို့ပြန်လာသူ ၂ ဦး၊ ကျိုင်းတောင်းဆေးရုံတွင် မီးဖွားရန် လာရောက်သူ ၂ ဦးနှင့် ယခင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူ ၆ ဦးတို့ဖြစ်ကြောင်း သိရသည်။

.

ယင်း COVID-19 အတည်ပြုလူနာများအား မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံရှိ Isolation Ward ၌ သီးခြားစောင့်ကြည့် ကုသပေးလျက်ရှိကြောင်း သိရသည်။

.

ကျိုင်းတောင်းမြို့ အပါအဝင်ဖြစ်သော မိုးနဲမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လမှ ယနေ့ ဩဂုတ်လ ၂၂ ရက်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၉၉ ဦး တွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၁၃၃ ဦးမှာ ဆေးရုံမှဆင်းခွင့်ရပြီ ဖြစ်ကာ သေဆုံးသူ ၉ ဦး ရှိကြောင်း မိုးနဲမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ထံမှ  သိရသည်။

.

မျိုးညွန့်ရွှေ (မိုးနဲ)

.

Journal Download

Photo of three cats