တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၄၈ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၄၈ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိ

တောင်ကြီးမြို့နယ်၌ ဩဂုတ်လ ၂၉ ရက်တွင် COVID-19 ပိုး ရှိသူ ၄၈ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးခဲ့သူ ၁ ဦး ရှိကြောင်း သိရသည်။

.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၂၉ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၁၀၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၂ ဦး သေဆုံး၍ ၂၇၀၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများကို သက်ဆိုင်ရာဌာနများက ပြုလုပ်နေလျက် ရှိသည်။
.
#KBZTai  #Shan #Taunggyi  #COVID19

Journal Download

Photo of three cats