ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော် ဖြစ်သည့် ကျိုင်းတုံမြို့နယ်တွင် ဩဂုတ်လ ၂ ရက်ထိ COVID-19 ဖြင့် ဆေးကုသမှု ခံယူနေသူ ၁၅၂ ဦး ရှိကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် အတွင်း၌ ဇွန်လ ၂၉ ရက်မှ ဩဂုတ်လ ၂ ရက်အထိ COVID-19 ပိုး ရှိသူ ၂၂၀ ဦးအထိ တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၂ ဦး ရှိကာ ဆေးရုံဆင်းခွင့် ရရှိသူ ၆၆ ဦးအထိ ရှိသဖြင့် ကုသမှု ခံယူနေသူမှာ ၁၅၂ ဦး ရှိနေကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ အပါအဝင် မြို့နယ်များ အားလုံးတွင် ဇူလိုင်လ ၃၀ ရက်ထိ COVID-19 ရောဂါကာကွယ်ဆေး Covid Shield ထိုးနှံပြီးသူ ၃၆၇၃၅ ဦးနှင့် Sinopharm ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၉၇၃ ဦး၊ စုစုပေါင်း ၃၈၀၇၀၈ ဦး ထိုးနှံပြီးဖြစ်ကာ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား Sinopharm ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
.
#KBZTai #Shan #COVID19 #Kungtong