COVID-19 ကူးစက်မှု မလျော့နည်း​သဖြင့် အထူးစစ်ဆေးမှု ပြုမည့် မြို့နယ်များတွင် ရှမ်းပြည်နယ်မှ ၇ မြို့နယ် ပါဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကူးစက်မှု မလျော့နည်း​သဖြင့် အထူးစစ်ဆေးမှု ပြုမည့် မြို့နယ်များတွင် ရှမ်းပြည်နယ်မှ ၇ မြို့နယ် ပါဝင်

COVID-19 ကူးစက်ပျံ့နှံ့မှု မ​လျော့နည်း​သဖြင့် အထူးစစ်ဆေးမှု ပြုလုပ်မည့် မြို့နယ်များ စာရင်းတွင် ရှမ်းပြည်နယ်မှ ၇ မြို့နယ် ပါဝင်ကြောင်း သိရသည်။

.
COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီမှ သြဂုတ်လ ၂၆ ရက်စွဲဖြင့် COVID-19 ရောဂါ သိသာစွာ လျော့နည်းသွားခြင်း မရှိသဖြင့် အထူး စစ်ဆေးမှု ဆောင်ရွက်မည့် မြို့နယ်များ စာရင်းတွင် ရှမ်းပြည်နယ်မှ ၇ မြို့နယ် အပါအဝင် စုစုပေါင်း ၄၉ မြို့နယ် ပါရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ အထူးစစ်ဆေးမှု ဆောင်ရွက်မည့် ရှမ်းပြည်နယ်မှ ၇ မြို့နယ်မှာ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ နောင်ချို စသည့် မြို့နယ်များ ဖြစ်ပြီး ယင်းမြို့နယ်များမှာ Stay at Home သတ်မှတ်ထားပြီး ဖြစ်သော မြို့နယ်များ ဖြစ်သည်။
.
အဆိုပါ အထူး စစ်ဆေးမှု ဆောင်ရွက်မည့် မြို့နယ်များသို့ ဝင်ရောက်မည့် သူများအား မည်သည့် မြို့နယ်၊ ရပ်ကွက်မှ လာရောက်ကြောင်းအထောက်အထား ပြသနိုင်မှု မရှိပါက သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်သည် တိုင်းဒေသကြီး/ပြည်နယ်များအနက် လက်ရှိအချိန်တွင် COVID-19 ကူးစက်ခံရမှု အများဆုံး ဖြစ်နေကာ ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်နှင့် မြို့ ၁ မြို့ တို့ကို Stay at Home သတ်မှတ်ထားသည့် အပြင် အချို့ မြို့နယ်များတွင် မြို့နယ်အဆင့် Semi Lockdown ပြုလုပ်ထားသည်။
.
#KBZTai  #Shan  #COVID19  #News

Journal Download

Photo of three cats