မိုးနဲမြို့နယ်၌ COVID-19 အတည်ပြုလူနာ ၂ ဦးနှင့် ကျိုင်းတောင်းတွင် ၈ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့နယ်၌ COVID-19 အတည်ပြုလူနာ ၂ ဦးနှင့် ကျိုင်းတောင်းတွင် ၈ ဦး ထပ်မံ တွေ့ရှိ

လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းက COVID-19 ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ ၂ ဦးနှင့် ကျိုင်းတောင်းမြို့တွင် ၈ ဦး ထပ်မံ တွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

.
မိုးနဲမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ၇ ဦးအား RDT ဖြင့် စစ်ဆေးစဉ် လွိုင်‌မြေရပ်ကွက်မှ ၂ ဦးတွင် လည်းကောင်း၊ ကျိုင်းတောင်းမြို့တွင် အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိသူ ၁၃ ဦးအား RDT ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၄) ရပ်ကွက်နေ ၈ ဦးတွင် လည်းကောင်း ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မိုးနဲမြို့နယ်တွင် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ COVID-19 ရောဂါပိုး ရှိသူ အတည်ပြုလူနာ ၈၁ ဦး တွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ ၆၀ ဦး၊သေဆုံးသူ ၂ ဦးနှင့် ကုသဆဲလူနာ ၁၉ ဦး ကျန်ရှိပြီး ကျိုင်းတောင်းမြို့တွင် COVID-19 ရောဂါပိုး အတည်ပြု လူနာ ၉၂ ဦး တွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ ၄၃ ဦး ၊သေဆုံးသူ ၆ ဦးနှင့် ကုသဆဲ ၄၃ ဦး ကျန်ရှိကြောင်း သိရသည်။
.                                                                                    ◾မျိုးညွန့်ရွှေ (မိုးနဲ)
.
#KBZTai #Shan #Mongnai

Journal Download

Photo of three cats