ရှမ်းတောင်တွင် COVID-19 လူနာသစ် ၄၃၃ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်တွင် COVID-19 လူနာသစ် ၄၃၃ ဦး တွေ့ရှိ

.

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် ၄၃၃ ဦး တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) က ယနေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

.

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများ၊ COVID-19 သံသယ လူနာများ၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြန်လည်ဝင်ရောက်လာသူများ စုစုပေါင်း ၈၃၄ ဦးတို့၏ ဓါတ်ခွဲနမူနာများကို ရယူပြီး တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် PCR ဖြင့် စစ်ဆေးခဲ့ရာ ၄၃၃ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့လူနာများမှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ၁၀ ဦး၊ တောင်ကြီးမြို့နယ်မှ ၁၉၉ ဦး၊ ရပ်စောက် မြို့နယ်မှ ၂၉ ဦး၊ ဟိုပုံးမြို့နယ်မှ ၃၄ ဦး၊ ပင်လောင်းမြို့နယ်မှ ၉၄ ဦး၊ ပင်းတယမြို့နယ်မှ ၃၆ ဦး၊ လွိုင်လင်မြို့နယ်မှ ၁၁ ဦး၊ မိုးနဲမြို့နယ်မှ ၁၂ ဦးနှင့် မောက်မယ်မြို့နယ်မှ ၈ ဦးတို့ဖြစ်ကြောင်း သိရသည်။

.

COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ ယနေ့ အထိ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၈၀၀၀ ကျော် ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် သေဆုံးသူ ၃၀၀ ဦးခန့်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats