ဟိုပုံးတွင် COVID-19 ပိုး ရှိသူ ၄၃ ဦး ထပ်တွေ့ခဲ့သဖြင့် စုစုပေါင်း ၅၃၅ ဦး ရှိပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးတွင် COVID-19 ပိုး ရှိသူ ၄၃ ဦး ထပ်တွေ့ခဲ့သဖြင့် စုစုပေါင်း ၅၃၅ ဦး ရှိပြီ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် COVID-19 ပိုး ရှိသူ ၄၃ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း လူနာ ၅၃၅ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

.
ယခင် ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့မှု ရှိသူများ၊ အသွားအလာ ကန့်သတ်ထားရှိသူများ ၁၄၃ ဦးအား PCR ဖြင့် စစ်ဆေးစဉ် ၄၀ ဦးတွင် လည်းကောင်း၊ ၃၀ ဦးအား RDT ဖြင့် စစ်ဆေးစဉ် ၃ ဦးတွင် လည်းကောင်း COVID-19 ပိုး တွေ့ရကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.

ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းကာလ ဩဂုတ်လ ၂၅ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၃၅ ဦး‌ တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၈ ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၁၆ ဦး ရှိပြီ ဖြစ်ရာ ၂၁၁ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan  #Hopone  #COVID19

Journal Download

Photo of three cats