တောင်ကြီးမြို့နယ်ဟာ ရှမ်းပြည်နယ်ရဲ့ မြို့ တော် ဖြစ်ပြီး လူဦးရေ စုစုပေါင်း ၄ သိန်း ဝန်းကျင်ခန့် နေထိုင်ပါတယ်။ လက်ရှိမှာတော့ COVID-19 ကူးစက်မှုဒဏ်ကို ခံနေရတာပါ။ တတိယလှိုင်းကာလ ဖြစ်တဲ့ ဇွန်လမှ ဩဂုတ် လ ၂၂ ရက်အတွင်း COVID-19 ဖြင့် သေဆုံးခဲ့သူ စုစုပေါင်း ၂၀၃ ဦး ရှိပါတယ်။ တရားဝင် ဖွင့်လှစ်ထားတဲ့ စင်တာတွေက စာရင်းသာ ဖြစ်ပါတယ်။ သေဆုံးသူ စာရင်းဟာ ယခုထက် ပိုမို ရှိ နေနိုင်ပါတယ်။ တောင်ကြီးမြို့နယ်မှာ COVID-19 ပိုးရှိသူ စုစုပေါင်း ၃၅၀၃ ဦး တွေ့ရှိခဲ့ပြီး အဲဒီထဲက ၁၉၇၈ ဦး ရောဂါပိုး ကင်းစင်လာပေမယ့် ၂၀၃ ဦး ကတော့ သေဆုံးခဲ့ရတာပါ။ တောင်ကြီးမြို့နယ်ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့အတွက် ဇူလိုင်လ ၂၅ ရက်မှာ Stay at Home ကြေညာ ထားပါတယ်။ လက်ကို စနစ်တကျ ဆေးခြင်း၊ mask တပ်ခြင်းနဲ့ လူစုလူဝေး ရှောင်ပြီး တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာ နေထိုင်ပြီး COVID-19 ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
.
#KBZTai #Taunggyi #COVID19