.
တောင်ကြီးမြို့နယ်တွင်
ယနေ့ ဩဂုတ်လ ၁၃ ရက်အတွင်း COVID-19 အတည်ပြုလူနာသစ် ၁၅၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး COVID-19 အတည်ပြုလူနာများအနက် ထပ်မံသေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာသစ်များမှာ COVID-19 လူနာများနှင့် ထိတွေ့မှုရှိသဖြင့်
PCR စစ်ဆေးထားသူ ၁၃၁ ဦးနှင့် RTD Test
Kit ဖြင့် စစ်ဆေးသူ ၁၈ ဦးတို့ဖြစ်ပြီး တောင်ကြီးမြို့ပေါ်မှ ၇၉ ဦး၊ အေးသာယာမြို့မှ
၆၇ ဦး၊ ရွှေညောင်မြို့မှ ၄ ဦးနှင့် ကျေးရွာအုပ်စုများမှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း
COVID-19 ရောဂါပိုးတွေ့လူနာ
များပြားလာသည့်အတွက် ပြီးခဲသည့် ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ပြည်သူများအနေဖြင့် မိမိ
အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့်
ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများကို
ပြုလုပ်ကာ စည်းကမ်းမလိုက်နာသူ များကို အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.