.
တောင်ကြီးမြို့နယ်တွင်
ယနေ့ ဩဂုတ်လ ၂၁ ရက် RDT Test Kit စစ်ဆေးမှုများအရ COVID-19 လူနာအသစ် ၄၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး
COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
တောင်ကြီးမြို့နယ်တွင်
COVID-19 တတိယလှိုင်းကာလ
ဇွန်လမှ ယနေ့ ဩဂုတ်လ ၂၁ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့အတည်ပြုလူနာ
၃၅၀၀ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၂၀၁ ဦး သေဆုံး၍ ၁၈၇၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ
လက်ရှိကုသဆဲလူနာ ၁၄၂၂ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုစာရင်းမှာ
တရားဝင်ဖွင့်လှစ်ထားသော စင်တာများ၊ ဆေးရုံများမျ အတည်ပြုစာရင်းဖြစ်ပြီး မိမိ အစီအစဉ်ဖြင့်
အိမ်တွ၍် ကုသမှုခံယူနေသူများ၊ သေဆုံးမှုစာရင်းများ ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.