ဟိုပုံး‌ဆေးရုံတွင် COVID-19 စစ်ဆေးမှု ခံယူပြီးမှသာ ကုသမှု ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဟိုပုံး‌ဆေးရုံတွင် COVID-19 စစ်ဆေးမှု ခံယူပြီးမှသာ ကုသမှု ပေးမည်

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် လာရောက်သူများ အားလုံး COVID-19 RDT ဖြင့် မည်သူမဆို စစ်ဆေးမှု ခံယူပြီးမှသာ ကုသမှု ပေးမည် ဖြစ်ကြောင်း ဟိုပုံးဆေးရုံက ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

.
ပြင်ပလူနာ အားလုံး၊ အတွင်းလူနာနှင့် လူနာစောင့် တစ်ဦး စစ်ဆေးမှု ခံယူရမည် ဖြစ်ပြီး COVID-19 ပိုး တွေ့ရှိသူများအား Positive လူနာဆောင်တွင် လည်းကောင်း၊  ပိုး မတွေ့သူများအား Negative လူနာဆောင်တွင် လည်းကောင်း ထားရှိကာ ဆေးကုသမှု ပေးမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ယင်းကဲ့သို့ ဆေးကုသရန် လာရောက်သူများ RDT ဖြင့် စစ်ဆေးမှု ခံယူရာတွင် ကုန်ကျစရိတ် ပေးဆောင်ရန် လိုအပ်ခြင်း ရှိ/မရှိကိုမူ ဖော်ပြမထားပေ။
.
ဟိုပုံးမြို့နယ်အတွင်း၌ COVID-19 တတိယလှိုင်းကာလ ဩဂုတ်လ ၁၉ ရက်၊ ညပိုင်းထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၄၄၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၇ ဦး သေဆုံး၍ ၂၁၈ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၂၂၃ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan  #Hopone  #COVID19

Journal Download

Photo of three cats