COVID-19 ကာကွယ်ဆေး ထိုးရန် သက်ကြီးရွယ်အို ၁၀ ဦး ခေါ်ဆောင်လာသူကို ဆေး ထိုးပေးမည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကာကွယ်ဆေး ထိုးရန် သက်ကြီးရွယ်အို ၁၀ ဦး ခေါ်ဆောင်လာသူကို ဆေး ထိုးပေးမည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်


ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ COVID-19 ကာကွယ်ဆေး ထိုးရန်အတွက် အသက် ၆၅ နှစ် အထက်ရှိ သက်ကြီးရွယ်အို ၁၀ ဦး ခေါ်ဆောင်လာသူကို ကာကွယ်ဆေး ထိုးပေးမည်ဟု ဟိုပုံးဆေးရုံက ယနေ့ ဩဂုတ်လ ၂ ရက်တွင် ထုတ်ပြန်ထား‌ကြောင်း သိရသည်။

.

" အသက် ၆၅ နှစ်အထက် ဘိုးဘွား ၁၀ ယောက် ကာကွယ်ဆေးထိုး စုရပ်သို့ ခေါ်ဆောင်လာသူ (အသက် ၁၈ နှစ် ပြည့်ပြီးသူ) မည်သူမဆို ၁ ယောက်အား ကာကွယ်ဆေး စောလျှင်စွာ ထိုးနှံပေးသွားပါမည်။" ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.


ထို့အတူ အသက်ကြီးလေ ရောဂါ ပြင်းထန်လေ ဖြစ်သည့် အတွက် ဘိုးဘွားများအား နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်သို့ ခေါ်ဆောင်ထိုးနှံပေးကြရန် တိုက်တွန်း‌ကြောင်းနှင့် စောစော ထိုးလေ ရောဂါ ကာကွယ်မှု စောစောရလေ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

.

COVID-19 ကာကွယ်ဆေး Sinopharm ကို ဟိုပုံးမြို့နယ်အတွင်း၌ ဇူလိုင်လ ၃၀ ရက်မှ စတင်၍ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား စတင် ထိုးနှံ ပေးနေခြင်း ဖြစ်ပြီး ဩဂုတ်လ ၁ ရက်ထိ ၇၇၈ ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်အတွင်း တွေ့ရှိခဲ့သော COVID-19 ပိုး ရှိသူ ၁၄၂ ဦးအနက် သေဆုံးခဲ့ရသူ ၃ ဦးမှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats