ကျိုင်းတုံမြို့နယ်တွင် ဇွန်လ ၂၉ ရက်မှ ဩဂုတ်လ ၁၈ ရက်ထိ တတိယလှိုင်း ကာလအတွင်း COVID-19 ပိုး ကူးစက်ခံရသူ ၇၆၄ ဦးအထိ ရှိလာကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ရှိသူများ အနက် ၉ ဦး သေဆုံးခဲ့ရပြီး ၃၇၇ ဦးမှ ဆေးရုံဆင်းခွင့် ရရှိခဲ့ကာ ၃၇၈ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှု များပြားလာခြင်းကြောင့် ကျိုင်းတုံမြို့ မြို့မဈေး၊ နောင်ကွမ်ဈေး၊ ယန်းခမ်းဈေး၊ မြို့သစ်ဈေး (အာခါဈေး)၊ နောင်နွန်းဈေး၊ လွယ်မွေဈေး၊ ကတ်တောင်ဈေး၊ ကတ်ထိုက်ဈေး၊ ကတ်ဖဈေးနှင့် ကန်နားလုံဈေးတို့ကို ဩဂုတ်လ ၂၈ ရက်ထိ ယာယီ ပိတ်သိမ်းထားပြီး ဈေးသည်များ အနေဖြင့် နေထိုင်ရာ နေအိမ်များတွင် COVID-19 စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်။
.
ထို့အတူ မြို့နယ်အတွင်းရှိ ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်နှင့် လိုက်နာခြင်း မရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ ဥပဒေရ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု အသိပေး ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #Kungtong #COVID19

Home
COVID-19
ကျိုင်းတုံ
ရှမ်းရှေ့သတင်းများ
ကျိုင်းတုံမြို့နယ်တွင် COVID-19 ကူးစက်ခံရသူ ၇၆၄ ဦးအထိ ရှိလာ
ကျိုင်းတုံမြို့နယ်တွင် COVID-19 ကူးစက်ခံရသူ ၇၆၄ ဦးအထိ ရှိလာ
Tags
# COVID-19
# ကျိုင်းတုံ
# ရှမ်းရှေ့သတင်းများ
Share This
About Unknown
ရှမ်းရှေ့သတင်းများ
Tags
COVID-19,
ကျိုင်းတုံ,
ရှမ်းရှေ့သတင်းများ