ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဆေးကုသမှု ခံယူဆဲ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၄ ဦး ရှိကြောင်း သိရသည်။
.
ယင်းလူနာများကို ဟိုပုံးဆေးရုံတွင် ၁၅ ဦး၊ Positive Center များဖြစ်သည့် သာသနာ့ဗိမာန်တွင် ၃၂ ဦး၊ ကျောက်တန်းတွင် ၁ ဦး၊ မိုင်းပျဉ်းတွင် ၁၅ ဦး၊ နေအိမ်များတွင် ၆၁ ဦး ထားရှိကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန်ထားသည်။
.
COVID-19 တတိယလှိုင်းကာလ ယနေ့ ဩဂုတ်လ ၃၁ ရက်ထိ ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၇၆ ဦး တွေ့ရှိခဲ့သည့်အနက် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၄၄ ဦးနှင့် သေဆုံးခဲ့ရသူ ၈ ဦး ရှိကြောင်း သိရသည်။
.
ဟိုပုံးမြို့သည် Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နှင့် ၁၂ မိုင်သာ ကွာဝေးသည့် မြို့ ဖြစ်သည်။
.
#KBZTai #Shan #Hopone #COVID19 #31August2021