နမ့်စန်မြို့နယ်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်မြို့နယ်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိ


နမ့်စန်မြို့နယ်၌ ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.
COVID-19 ရှိကြောင်း သံသယရှိသူ ၁၀၈ ဦးအား RDT ဖြင့် စစ်ဆေးစဉ် ရဟန်း ၁ ပါး၊ သာမဏေ ၁၁ ပါး အပါအဝင် စုစုပေါင်း ၄၆ ဦးတွင် ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
နမ့်စန်မြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဩဂုတ်လ ၁၇ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၅၃၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၃ ဦး သေဆုံး၍ ၂၈၅ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၂၃၈ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan  #Namsan  #COVID19

Journal Download

Photo of three cats