ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် COVID-19 ပိုး ရှိသူ ၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့သူများမှာ စင်းတောင်းမြောက်ရွာမှ ၁ ဦး၊ နောင်မွန်ရွာမှ ၂ ဦး၊ တီကျစ်တောင်ပိုင်းမှ ၂ ဦးနှင့် မူးယစ်ရုံးဝင်းမှ ၁ ဦးတို့ ဖြစ်သည်။
.
ပင်လောင်းမြို့နယ်တွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၆၄၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၈ ဦး သေဆုံး၍ ၄၀၈ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၂၃၂ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Pinlaung