ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဩဂုတ်လ ၁၄ ရက်က COVID-19 ပိုး ရှိသူ ၂ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် ပိုးတွေ့လူနာ စုစုပေါင်း ၂၀၀ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ ထပ်မံ တွေ့ရှိခဲ့သည့် COVID-19 ပိုး ရှိသူ ၂ ဦးမှာ ဘော်တွင်းကျေးရွာမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီး နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ RDT ဖြင့် စစ်ဆေးစဥ် ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
နမ္မတူမြို့နယ်တွင် ဩဂုတ်လ ၁၄ ရက်၊ ညနေပိုင်းထိ covidy ပိုးရှိသူ ၂၀၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၃ ဦး၊ သေဆုံးသူ ၇ ဦး ရှိကာ ဆေး ကုသဆဲလူနာ ၅၀ ဦး ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
.
နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများဖြင့် ပူးပေါင်းကာ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အပါအဝင် စုစုပေါင်း ၁၂၁၆ ဦးအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan #Namatu

နမ္မတူမြို့နယ်၌ COVID-19 ပိုး ရှိသူ ၂၀၀ ဦးအထိ ရှိလာ
Tags
# COVID-19
# နမ္မတူ
# ရှမ်းမြောက်သတင်းများ
Share This
About Unknown
ရှမ်းမြောက်သတင်းများ
Tags
COVID-19,
နမ္မတူ,
ရှမ်းမြောက်သတင်းများ