.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့တွင် ယနေ့ ဩဂုတ်လ ၁၃ ရက်၊ RDT Test Kit စစ်ဆေးမှုများအရ COVID-19 လူနာသစ်
၁၅ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်အတွင်းသို့
လတ်တလော COVID-19 ရောဂါဖြစ်ပွားလျက်ရှိသော
တိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည်ဝင်ရောက်လာပြီး ၃၈ ဦးတို့အား ယနေ့ ဩဂုတ်လ ၁၃ ရက်၊
နံနက်ပိုင်းက နှာခေါင်းတို့ဖတ်များ ရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ
သံဃာတစ်ပါး အပါအဝင် ၇ ဦး တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း
သိရသည်။
.
ထို့အတူ ယနေ့ ဩဂုတ်လ
၁၃ ရက်၊ နေ့လယ်ပိုင်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၇၅ ဦးတို့အား နာခေါင်းတို့ဖတ်ရယူ၍
ထပ်မံစစ်ဆေးခဲ့ရာ ၈ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာများအနက်
၁၂ ဦးအား သာသနာ့ဗိမ္မာန် COVID-19
Positive Center နှင့် ကျန် ၃ ဦးအား ကျောက်တန်းဆေးရုံတွင် ထားရှိကုသပေးလျက်ရှိပြီး
လတ်တလောအခြေအနေအရ လူနာများ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံက
ထုတ်ပြန်ထားသည်။
.