.
လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊
ကျိုင်းတောင်းမြို့တွင် COVID-19 ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ ၅ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတောင်းပြည်သူ့ဆေးရုံ
အထူးကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေသော ကျိုင်းတောင်းမြို့၊ အမှတ် (၅) ရပ်ကွက်နေ
အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် ထပ်မံသေဆုံး
ခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ အမျိုးသားသည်
ဩဂုတ်လ ၆ ရက်က COVID-19 ရောဂါ
အတည်ပြုလူနာအဖြစ် ကျိုင်းတုံဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သူဖြစ်ပြီး သေဆုံးသူ၏
ရုပ်အလောင်းအား မနောဖြူလူမှုကူညီရေးအသင်ယာဉ်ဖြင့် ရွှေညောင်ပင်သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း
သိရသည်။
.
ကျိုင်းတောင်းမြို့တွင်
COVID-19 တတိယလှိုင်းကာလ
ဇွန်လ ၁ ရက်မှ ယနေ့ ဩဂုတ်လ ၁၂ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ
၇၈ ဦး တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၅ ဦးသေဆုံး၍ ၁၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း
မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏
ထုတ်ပြန်ချက်အရ သိရသည်။
.
မျိုးညွန့်ရွှေ (မိုးနဲ)
.