မောက်မယ်တွင် COVID-19 လူနာတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်တွင် COVID-19 လူနာတစ်ဦး သေဆုံး

.

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်၌ ဆေးကုသပေးလျက်ရှိသော COVID-19 လူနာ တစ်ဦး ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူသည် မောက်မယ်မြို့၊ ကွန်ကျိုင်းရပ်ကွက်နေ အသက် ၆၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သေဆုံးသူ၏ ရုပ် အလောင်းအား မောက်မယ်မြို့ရှိ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

.

ထို့အတူ မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ရပ်ဝေးမှပြန်လာသူများနှင့်သံသယရှိသူ ၁၂ ဦးအား ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

.

မောက်မယ်မြို့နယ်အတွင်း ယနေ့ ဩဂုတ်လ ၈ ရက်အထိ COVID-19 ရောဂါအတည်ပြုလူနာ ၄၃ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် ၂ ဦးသေဆုံး၍ ၃၈ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိ ဆေးကုသမှုခံယူဆဲလူနာ ၃ ဦး ကျန်ရှိ ကြောင်း သိရသည်။

.

စိုင်းမျိုးသန့် (မောက်မယ်)

.

Journal Download

Photo of three cats