လားရှိုးတွင် COVID-19 တတိယလှိုင်းကာလ ၂ လအတွင်း ရောဂါကူးစက်ခံရသူ ၂၀၀၀ ကျော် ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် COVID-19 တတိယလှိုင်းကာလ ၂ လအတွင်း ရောဂါကူးစက်ခံရသူ ၂၀၀၀ ကျော် ရှိလာ

.

လားရှိုးမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လ ၉ ရက်မှ ဩဂုတ်လ ၉ ရက်အထိ ၂ လတာအတွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၀၉၄ ဦး ရှိခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ သိရသည်။

.

.

လားရှိုးမြို့နယ်အတွင်းရှိ COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူ ၂၉၀ ဦးတို့အား ဩဂုတ်လ ၈ ရက်က PCR ဖြင့် ဓါတ်ခွဲစစ်ဆေးခဲ့ရာ ၃၁ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

.

လားရှိုးမြို့တွင် ဇွန်လမှ ဇူလိုင်လလယ်ပိုင်းခန့်အထိ COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်မားခဲ့ပြီး ဩဂုတ်လဆန်းပိုင်းမှ စတင်၍ ရောဂါကူးစက်မှုနှုန်း ပြန်လည်လျော့ကျလာခဲ့ရာ ယခုအခါ မြို့တွင်း ရောဂါကူးစက်ပျံ့နှံ့မှု ၁၀ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

.

လက်ရှိ လားရှိုးမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၄၁၂ ဦး ဆေးကုသမှုခံယူနေပြီး ၎င်းတို့ကို လားရှိုးပြည်သူ့ ဆေးရုံကြီး၊ ပညာရေးဒီဂရီကောလိပ် ကုသရေးစင်တာ၊ ပညာရေးဒီဂရီကောလိပ် ကြပ်မတ်ကုသဆောင်တို့တွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats