.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့တွင် ယနေ့ ဩဂုတ်လ ၆ ရက်က သံဃာတော် ၂၈ ပါး အပါအဝင် စုစုပေါင်း ၄၀ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.
လတ်တလော COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိသော တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ ဟိုပုံးမြို့သို့ ပြန်လည် ဝင်ရောက်လာသူ ၂၆၂ ဦးအား အသွားအလာ ကန့်သတ်စောင့်ကြည့်ပြီး
ယနေ့ ဩဂုတ်လ ၆ ရက်တွင် နှာခေါင်းတို့ဖတ် ရယူ၍ RDT ဖြင့် စစ်ဆေးခဲ့ရာ
၄၀ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာများအနက်
သံဃာတော် ၂၈ ပါးအား သာသနာလင်္ကာရကျောင်းတိုက်တွင်လည်းကောင်း၊ လူနာ ၁၀ ဦးအား သာသနာ့ဗိမ္မာန်တွင်လည်းကောင်း၊
၂ ဦးအား ဟိုပုံးဆေးရုံတွင်လည်းကောင်း စောင့်ကြည့်ကုသပေးလျက် ရှိကြောင်း သိရသည်။
.