ညောင်ရွှေမြို့နယ်၌ COVID-19 ဖြင့် သေဆုံးသူ ၃၆ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့နယ်၌ COVID-19 ဖြင့် သေဆုံးသူ ၃၆ ဦး ရှိ

တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အတွင်း၌ ဇွန်လ ၂၃ ရက်မှ ဩဂုတ်လ ၁ ရက်ထိ COVID-19 ဖြင့် သေဆုံးသူ ၃၆ ဦး ရှိကြောင်း သိရသည်။

.

COVID-19 ပိုးရှိသူ အတည်ပြုလူနာ စုစုပေါင်း ၉၄၈ ဦး တွေ့ရှိသည့်အနက် ၅၁၃ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ပြီး ၃၆ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၃၉၉ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။

.

ညောင်ရွှေမြို့နယ်ကို ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home ကြေညာထားပြီး Stay at Home ကာလအတွင်း COVID-19 ပိုးရှိသူ ၂၃၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats