တောင်ကြီးခရိုင်အတွင်း COVID-19 စည်းကမ်း၊ SOP နှင့် Stay at Home စည်းကမ်းများကို မလိုက်နာပါက အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးခရိုင်အတွင်း COVID-19 စည်းကမ်း၊ SOP နှင့် Stay at Home စည်းကမ်းများကို မလိုက်နာပါက အရေးယူမည်

.

တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်များ၌ COVID-19 ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ၊ SOP နှင့် Stay at Home စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ စစ်ဆေးပြီး မလိုက်နာသူများကို သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ အရေးယူရန် အတွက် တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ဩဂုတ်လ ၂ ရက် ရက်စွဲပါ စာဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး အရေးယူ ဆောင်ရွက်မှု အခြေအနေကို နေ့စဉ် နေ့လယ် ၂ နာရီ အရောက် တင်ပြရန်ဟု ယင်း အကြောင်းကြားစာတွင် ပါရှိသည်။

.

တောင်ကြီးခရိုင် အတွင်း၌ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ဖယ်ခုံမြို့နယ်တို့ ပါဝင်ပြီး တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်ရှိ အောင်ပန်းမြို့ကို Stay at Home ထုတ်ပြန်ထားသည်။

.

Stay at Home ဒေသများမှ ပြည်သူများ အနေဖြင့် ဈေးသွားခြင်း၊ ကျန်းမာရေးအရ ကုသမှုခံယူရန် သွားခြင်း၊ ဝန်ထမ်းများနှင့် ခွင့်ပြုထားသည့် ပုဂ္ဂလိကဝန်ထမ်းများ အလုပ်ခွင် သွားခြင်း၊ အထူး ကိစ္စအနေဖြင့် နာရေးသွားခြင်း တို့ကိုသာ သွားလာခွင့် ကန့်သတ်ထားပြီး သွားလာခွင့် လက်မှတ်များ ကိုင်ဆောင်၍ ခိုင်လုံသောအကြောင်း မရှိဘဲ အကြောင်းမဲ့ သွားလာခွင့် မရှိကြောင်း သိရသည်။

.

အဆိုပါ အရေးယူမည့် အ‌စီအစဉ်နှင့် ပတ်သက်၍ ပြည်သူများကြား ပြစ်တင် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။

.


Journal Download

Photo of three cats