တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိ/မရှိကို Pilot Project ဖြင့် စစ်ဆေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိ/မရှိကို Pilot Project ဖြင့် စစ်ဆေးနေ


Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်၌ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို Pilot Project ဖြင့် အခမဲ့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

.
" အခု လက်ရှိမှာ ကျွန်တော်တို့က pilot project နဲ့ ရပ်ကွက်တွေထဲမှာ (COVID-19 ပိုး ရှိ/မရှိ) ကွင်းဆင်း စစ်နေတာပါ။ လိုက်ပြီး စစ်တဲ့အခါမှာလည်း ပိုက်ဆံ မယူပါဘူး၊ အခမဲ့ စစ်ပေးတာပါ။ Test Kit ဝယ်ဖို့ လှူချင်တာမျိုးဆိုရင်တော့ လက်ခံပါတယ်။ စစ်တဲ့အချိန်မှာ ဆင်းရဲသူတွေ၊ အိမ်မှာ ကြိတ်ကုနေတဲ့ သူတွေကို အဓိက ထားပြီး စစ်တာ၊ ရောဂါကို ဖော်ထုတ်ချင်တာပါ။" ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ပြောသည်။

.

စစ်ဆေးမှုကို တောင်ကြီးမြို့နယ် အတွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့နှင့် ကျောက်တလုံးကြီးမြို့ပေါ် ရပ်ကွက်များတွင် နယ်မြေအလိုက် ဆောင်ရွက်နေခြင်း ဖြစ်ပြီး Positive လူနာ တွေ့ရှိပါက ရောဂါ အခြေအနေပေါ် မူတည်ပြီး ဆေးရုံနှင့် ကုသရေးစင်တာသို့ ပို့ဆောင် ကုသခြင်း၊ ‌နေအိမ်တွင် သီးခြားထား၍ ကုသခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
.

" ရောဂါ ကျဆင်းရေးကို လုပ်နေတာ ဖြစ်လို့ ပြည်သူတွေ ပူးပေါင်း ပါဝင်စေချင်ပါတယ်။ လာစစ်တဲ့ အဖွဲ့က အခမဲ့ စစ်ပေးနေတာတောင် အစစ်မခံတာမျိုး တချို့ တွေ့နေရပါတယ်။  ပြည်သူတွေ အနေနဲ့ ရဲရဲဝံ့ဝံ့ အစစ်ဆေးခံဖို့ လိုပါတယ်။ "ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
အဆိုပါ Pilot Project ဖြင့် စစ်ဆေးမှုကို ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် လူဦးရေ ၂၈၃၁ ဦးကို စစ်‌ဆေးခဲ့ရာ ၈၄ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၃၀ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၂၁၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၂ ဦး သေဆုံး၍ ၂၇၈၄ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ တောင်ကြီးမြို့ အပြင် ညောင်ရွှေ၊ ရပ်စောက်၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ နောင်ချို မြို့နယ်များတွင်လည်း COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို Pilot Project ဖြင့် အခမဲ့ စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ စစ်ဆေးလိုသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.
#KBZTai  #Shan  #COVID19 #31August2021

Journal Download

Photo of three cats