.
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ
မြန်မာလုပ်သား ၂၆၄ ဦးသည် ယနေ့ ဩဂုတ်လ ၈ ရက်တွင် မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ် ဝင်ပေါက်မှတစ်ဆင့်
မူဆယ်ဘက်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
.
ရွှေလီမြို့မှ မြန်မာများကို
တရုတ်အာဏာပိုင်များက အလှည့်ကျ ပြန်ခွင့်ပြုပေးလျက်ရှိရာ ယနေ့ ဩဂုတ်လ ၈ ရက်တွင် အမျိုးသား
၁၅၀ ဦးနှင့် အမျိုးသမီး ၁၁၄ ဦးတို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
COVID-19 ရောဂါ တတိယလှိုင်း
ဖြစ်ပွားချိန်၌ နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်ထားခဲ့ပြီး ဇူလိုင်လ ၂၆ ရက်မှ စတင်၍
တရုတ်နိုင်ငံ၊ ရွှေလီနှင့် ကျယ်ဂေါင်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို နန်းတော်ဂိတ်ပေါက်မှ
နေ့စဉ် ပြန်ခွင့်ပြုပေးနေခြင်းဖြစ်သည်။
.
တရုတ်နိုင်ငံအတွင်း
မြန်မာနှင့်နယ်စပ်တွင်လည်း COVID 19 ကူးစက်ထားသူများကို တွေ့ရသဖြင့် ရွှေလီမြို့ကို ဩဂုတ်လ ၃ ရက်နေ့မှစ၍ Lockdown
သတ်မှတ်ထားကြောင်း သိရသည်။
.
#KBZTai #Shan #MuSei
.