ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဒေသခံများ မြို့ပေါ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဒေသခံများ မြို့ပေါ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာ

.

ကျောက်မဲမြို့နယ်အတွင်း RCSS နှင့် SSPPTNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ကျေးရွာဒေသခံ ရာနှင့်ချီ၍ မြို့ပေါ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

.

.

“ကျွန်တ်ောတို့ရွာတော့ မပြေးဘူး။ ဟူးကွတ်ရွာတွေက ပြေးတယ်။ ကျောက်မဲဘက် ပြေးသွားကြတယ်။ လွယ်ကုန်ရွာ ကလည်း မနေ့က ပြေးကြတယ်” ဟု ကျောက်မဲမြို့နယ်၊ ပန်လင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

.

ယနေ့ ဩဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲရှောင် ထွက်ခွာလာသူများမျာ ဟူးကွတ်ကျေးရွာအုပ်စု၊ ဟူးကွတ်၊ ကြိမ်လော့ကျေးရွာ ဒေသခံများနှင့် ဟူးစွန်ကျေးရွာအုပ်စု၊ တိန်ဟိန့်ကျေးရွာ ဒေသခံများဖြစ်ကြပြီး လူဦးရေအတိအကျ မသိရသေးချေ။

.

“ဟူးကွတ်ဘက်မှာက တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ အကြီးအကျယ်ဖြစ်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ရွာက တော့ မပြေးသေးဘူး။ ပန်ကွမ်ရွာတော့ အကုန်ပြေးကြတယ်” ဟု ကျောက်မဲမြို့နယ်၊ ပန်သပြေကျေးရွာ ဒေသခံ တစ်ဦး ကလည်း ပြောဆိုခဲ့သည်။

.

ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် RCSS နှင့် SSPPTNLA တပ်ပေါင်းစုတို့အကြား တိုက်ပွဲများကြောင့် ကျေးရွာဒေသခံ ထောင်နှင့်ချီ၍ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာမများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

.

Journal Download

Photo of three cats