တောင်ကြီးမြို့ပေါ်ရှိ အိမ်ထောင်စု ၃၀ ကို မြို့ပေါ်နေ လူငယ်များက စုပေါင်း၍ ယနေ့ ဩဂုတ်လ ၆ ရက်တွင် လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ လူငယ်များသည် ပထမပကြိမ် အဖြစ် ဩဂုတ်လ ၁ ရက်ကလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ယခုမှာ ဒုတိယအကြိမ် အဖြစ် လှူဒါန်းခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်ရှိ အိမ်ထောင်စု ၃၀ အတွက် ဆန်၊ ကြက်သွန်၊ အာလူး၊ နာနတ်သီး၊ ခေါက်ဆွဲခြောက်၊ mask နှင့် လက်သန့်ဆေးရည်များကို လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် စားသောက်ရေး အခက်အခဲ ရှိနေကြသူများအား ယခုရက်ပိုင်းတွင် မြို့ပေါ်နေ လူငယ်များက အဆက်မပြတ် လှူဒါန်းမှုများ ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi