တောင်ကြီးမြို့ ချမ်းမြသာစည် လူငယ်များက စားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ ချမ်းမြသာစည် လူငယ်များက စားသောက်ကုန်များ လှူဒါန်း



တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှ လူငယ်များက ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် မြို့ပေါ် ရပ်ကွက်များတွင် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကျောင်းကြီးစုရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည် ရပ်ကွက်ရှိ အိမ်ထောင်စု ၉၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နှင့် ဂေါ်ဖီထုပ်များကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
" တောင်ကြီးမြို့ပေါ်က အစားအသောက် ခက်ခဲနေသူတွေအတွက် ပရဟိတအဖွဲ့တွေ အများအပြား ပါဝင်လှူဒါန်းကြဖို့ အတွက် ရည်ရွယ်ပါတယ်။" ဟု လူငယ် တစ်ဦးက ပြောသည်။
.



တောင်ကြီးမြို့ပေါ် ရပ်ကွက် ၂၂ ရပ်ကွက် အပြင် အေးသာယာမြို့နှင့် ရွှေညောင်မြို့ပေါ် ရပ်ကွက်များတွင်လည်း စားသောက်ရေး ခက်ခဲကာ အကူအညီ လိုအပ်နေသည့် ပြည်သူများ ရှိနေကာ ဒေသခံ ပရဟိတအဖွဲ့များနှင့် စေတနာရှင်များက တတ်စွမ်းသမျှ လှူဒါန်းမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
.
#KBZTai #Shan #Taunggyi

Journal Download

Photo of three cats